* စိတ်ကောင်းနှလုံးကောင်းနှင့် အတူ ကံကောင်းခြင်းများစွာ ပိုင်ဆိုင်ကြပါစေ...*

ပိုပြီးတော့ကောင်းတဲ့လူဖြစ်အောင်  

Friday, June 27, 2008

ကိုယ်ကိုယ်တိုင်က စိတ်ထားနဲ့အသိဥာဏ်မြင့်အောင်ကြိုးစားရင်းကနေ ကိုယ်
ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းမှာလည်း တစ်ယောက်ရရ နှစ်ယောက်ရရ “ငါလည်း လုပ် ပါတယ်၊ မင်းလည်းလုပ်ပါ။” အဲသလိုပြောနိုင်လို့ရှိရင် လုပ်လာမှာပါ။

ကိုယ်လုပ်နိုင်သလောက် လုပ်လိုက်တဲ့အခါမှာ ကိုယ့်ရဲ့ဆောင်ရွက်ချက်က တ ဖြည်းဖြည်း ပတ်ဝန်းကျင်ပေါ်မှာ နဲနဲတော့အကျိုးသက်ရောက်မှု ရှိလာတယ်။ ကိုယ်က သူတို့ကို လုပ်ပါလို့ အတင်းအကျပ် လိုက်ပြောနေတာမဟုတ်ဘူး။ သူတို့ဟာသူတို့ ကိုယ့်ကိုကြည့်ပြီး အလုပ် လုပ်ချင်စိတ်တွေ ပေါ်လာကြတယ်။

အဲဒီတော့ ကိုယ့်ကိုယ် ကိုလည်းကောင်းအောင် ကြိုးစားစေချင်ပါတယ်။ ပြီးမှ သူများကိုလည်း ကောင်းအောင် ပြုပြင်စေချင်ပါတယ်။ နည်းလမ်းပေးစေချင်ပါတယ်။ ကူညီစေချင်တယ်။ လူ့အသိုင်း အ၀ိုင်းကြီးမှာ တချို့ကိစ္စတွေကို ပိုပြီးတော့ကောင်းအောင် ပြုပြင်ဖို့လိုတယ်။ ဒီလောကကြီးကို ပိုကောင်းအောင် ပြုပြင်ချင်တယ်ဆိုရင် လုပ်လို့ရတဲ့ နည်း တစ်နည်းပဲရှိတယ်။ လူတွေကို စိတ်ထား ပိုကောင်းလာအောင်၊ အသိဥာဏ် ပို ကောင်းလာအောင်၊ လုပ်ရည်ကိုင်ရည်တွေ ပိုကောင်းလာအောင် လုပ်ပေးရမယ်။ အ ကူအညီပေးရမယ်။

ဒီလို လူတွေကို အကူအညီပေးဖို့ ဆိုရင်လည်းပဲ တစ်ခုပဲ လုပ်လို့ရတယ်။ ကိုယ် ကိုယ်တိုင်က ပိုပြီးတော့ ကောင်းတဲ့လူဖြစ်အောင် လုပ်ရမယ်။ အနီးဆုံးနေရာကနေ၊ အ တွင်းဆုံးနေရာကနေ စလိုက်ပါ။ သိပ်သဘာဝကျတယ်၊ သိပ်အရေးကြီးတယ်လို့ ထင်ပါတယ်။

လူ့အသိုင်းအ၀ိုင်းအပေါ်မှာ စေတနာထားတယ်၊ မေတ္တာထားတယ်၊ ကောင်းစေချင်တယ်ဆို ရင် ကိုယ့်ကိုယ်ကို ပိုပြီးတော့ကောင်းတဲ့လူဖြစ်အောင် ကြိုးစားပါလို့……………

မှတ်ချက်။ ။ကျွန်တော်ဖတ်ထားတဲ့ အကြောင်းအရာထဲက ရေးထားခြင်းဖြစ်ပါတယ်...

AddThis Social Bookmark Button


0 ရောင်းရင်းတို့အမြင်: to “ ပိုပြီးတော့ကောင်းတဲ့လူဖြစ်အောင်

Design by Amanda @ Blogger Buster