* စိတ်ကောင်းနှလုံးကောင်းနှင့် အတူ ကံကောင်းခြင်းများစွာ ပိုင်ဆိုင်ကြပါစေ...*

လူတစ်မျိုးရှိသည်  

Sunday, July 13, 2008

လောကကြီးတွင် လူတစ်မျိုးရှိသည်……
ကိုယ်နှင့်အတူ ရှိနေသော အချိန်များတွင် အစားအသောက်ကောင်းများကို ကိုယ့်အတွက် အမြဲ ချန် ထားတတ် ပြီးရာသီဥတုအေးလျှင် အနွေးထည်ထပ်ဖို့၊ အပြင်ထွက်လျှင်အစစအ ရာရာ သတိနှင့်နေဖို့ ဂရုတစိုက် အမြဲ မှာ တတ် သည်။ တစ်ခါတစ်ရံ ထိုအပြောများကိုကိုယ် ကနားပူသည်ဟု ထင်ခဲ့သော်လည်း စိတ်ထဲ တွင်မူ နွေးထွေး သော မေတ္တာကိုခံစားရ သည်။ ကိုယ့်မုန့်ဖိုးလိုသောအချိန် လက်ဖြန့် တောင်း လျှင် ပိုက်ဆံ ရှာရသည်မှာ မည်မျှ ခက်ခဲကြောင်း၊ ပိုက်ဆံ၏တန်ဖိုးကို ပြောပြတတ်ပါသည်။ ပါးစပ်ကတပျစ်တောက်တောက် ရေရွတ်နေသော် လည်းလက်ကပိုက်ဆံကမ်းပေးနေတတ်သည်။
ထိုလူမျိုးကို မိဘ ဟုခေါ်သည်။

လောကကြီးတွင် လူတစ်မျိုးရှိသည်……..
အမှားအမှန်ခွဲခြားသိမြင်အောင် သွန်သင်ဆုံးမတတ်ပြီး သားသမီးအရင်းအချာကဲ့သို့ ပဲ့ကိုင် လမ်းညွှန်တတ် သည်။ စည်းကမ်းတွေ ချမှတ်ပေးတတ်ပြီး ဗဟုသုတများကို မျှဝေပေးတတ်သည်။ ဆူပူကြိမ်းမောင်းခြင်းမှာလည်းလူ တော် လူကောင်းဖြစ်စေချင်သော စေ တနာသာလျှင်ဖြစ်သည်။
ထိုလူမျိုးကို ဆရာ ဟုခေါ်သည်။

လောကကြီးတွင် လူတစ်မျိုးရှိသည်…….
တစ်ခါတစ်ရံ ကိုယ်နှင့်ရန်ဖြစ်တတ်ပြီး စကားနိုင်လည်းလုတတ်သေးသည်။ ကိုယ့်ဝေစုကို လုစားတတ်ပြီး မိဘ ကို လည်းအတိုင် အ တော လုပ်တတ်သေးသည်။ သို့သော် ကိုယ့်ကို တစ်ခြားလူများထက် ပိုချစ်ပြီး ပိုဂရုစိုက် တတ် သည်။ အရေးကြုံပါကသွေးနီးကြသည်။
ထိုလူမျိုးကို မောင်နှမ ဟုခေါ်သည်။

လောကကြီးတွင် လူတစ်မျိုးရှိသည်…….
မတွေ့မမြင်ရလျှင် လွမ်းနေတတ်ပြီး တွေ့ပြန်လျှင်ရင်တွေခုန်ကာ ဆွံအနေတတ်သည်။ စိတ် ထဲအတွေး ထဲတွင် အမြဲလွှမ်းမိုးနေတတ်ပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်အောင်လည်း အိမ်မက်ထဲထိ ကြီးစိုးနေတတ်သည်။ ကိုယ့် အတွက် အလှပဆုံးနှင့် အချိုမြိန်ဆုံး ပန်း သီးလေးတစ်လုံးလိုပင်။
ထိုလူမျိုးကို ချစ်သူ ဟုခေါ်သည်။

လောကကြီးတွင် လူတစ်မျိုးရှိသည်…….
တခြားလူမသိသော ကိုယ်၏လျှို့ဝှက်ချက်များကို သူသိသည်။ ကိုယ်စာမရသောအချိန်တွင် ရှင်းပြတတ်ပြီးကိုယ် အမှား လုပ်မိသော အချိန်တွင် ကိုယ့်ဘက်မှရပ်တည်ပြီး ၀န်ခံပေး တတ်သည်။ အားငယ်နေသော အချိန်တွင် အား ပေးတတ်ပြီး ၀မ်းနည်းနေသော အချိန် များတွင် နှစ်သိမ့်တတ်သည်။ ကိုယ်အဆင်ပြေနေသောအချိန်တွင် သူ့ကိုမေ့ နေတတ်ပြီး အဆင်မပြေလျှင် ကိုယ်ရင်ဖွင့်သမျှကို စိတ်ရှည်ရှည်နားထောင် ပေးတတ်သည်။ ကိုယ်နှင့် အတူရှိနေမည့်အချိန်များက ချစ်သူတစ်ယောက်ထက် ပင် ကြာရှည်ခိုင်မြဲတတ်သည်။
ထိုလူမျိုးကို သူငယ်ချင်း ဟုခေါ်သည်။

လောကကြီးတွင် လူတစ်မျိုးရှိသည်…….
မိဘ၏ဆိုဆုံးမှုနှင့် နွေးထွေးသော မေတ္တာအောက်တွင် ကြီးပြင်းလာခဲ့သည်။ ဆရာများ၏ သွန်သင်ဆုံးမ မှု အောက်တွင် အမှားအမှန် ကို ခွဲခြားတတ်လာခဲ့သည်။ မောင်နှမ များ၏ ချစ်ခင်မှုအောက်တွင် စည်းလုံးခြင်း တွေရယူတတ်လာခဲ့သည်။ ချစ်သူ၏ ကြင်နာ ယုယ မှုအောက်တွင် အချစ်စစ်ကို ရှာဖွေတတ်လာခဲ့ပြီး သူငယ် ချင်းများ၏ကူညီ မှုအောက်တွင် ဘ၀၏တက်လမ်းကို ရွေးချယ်တတ် လာ ခဲ့သည်။ ထိုသူများသည်ကိုယ့် ဘ၀ထဲ သို့ ဧည့်သည်တစ်ယောက်လို ၀င်လာကြသည်။ အချိန်တန်လျှင်ထွက်သွားကြသည်။ သူ တို့ သည် ဘ၀ကို အသိ ဥာဏ်နှင့် ဗဟုသုတတိုးပွားအောင် ကူညီပေးကြသည်။ ဘ၀ကို ပျော်ရွှင်မှုများဖြင့် စိုပြည်စေခဲ့သည်။ထိုသူများ ကို ကျေှးဇူးတင် ကြောင်း လှိုက်လှိုက် လှဲလှဲပြောဖို့ တစ်ခါတစ်ရံတွင်မေ့နေတတ်သည်။
ထိုလူမျိုးမှာ ကိုယ့်ကိုယ်တိုင် ပင်ဖြစ်သည်။

AddThis Social Bookmark Button


0 ရောင်းရင်းတို့အမြင်: to “ လူတစ်မျိုးရှိသည်

Design by Amanda @ Blogger Buster