* စိတ်ကောင်းနှလုံးကောင်းနှင့် အတူ ကံကောင်းခြင်းများစွာ ပိုင်ဆိုင်ကြပါစေ...*

သူမနဲ့ အဟောင်းများ  

Thursday, July 10, 2008

ချစ်သူ !
ခေတ်ရေစီးအလိုက် ဖို့ရို့ဖားယားဝတ်တတ်တဲ့ငါ့ကို
မျက်လုံးအဟောင်းကြီးနဲ့ကြည့်ပြီး
လမ်းသရဲလို့ မတင်စားလိုက်ပါနဲ့
ရက်ပ်ပါတိုင်း ဒီလိုဝတ်တတ်ကြတယ်လေ။

လူတွေ့တိုင်းချစ်စကားအမြဲလိုက်ပြောတတ်တဲ့ငါ့ကို
နားအဟောင်းကြီးနဲ့ နားထောင်ပြီး
နှောင့်ယှက်တယ်လို့ မသတ်မှတ်လိုက်ပါနဲ့
မတွေ့ပဲပြောနိုင်မယ့် ဖုန်းနံပါတ်မှ မပေးပဲ။

အရင်က ရည်းစားများခဲ့ရတဲ့ ငါ့အချစ်ကို
အတွေးဟောင်းတွေနဲ့ တွေးပြီး
ပွေတယ်လို့ မစွပ်စွဲလိုက်ပါနဲ့
စမ်းသပ်မှုတွေပြီးမှ ကုန်ပစ္စည်းထွက်တာလေ။

ရည်းစားတစ်ထောင် လင်ကောင်တစ်ယောက်ဆိုတဲ့
ဆိုရိုးအဟောင်းကြီးကို လိုက်နာပြီး
ငါ့အပြင်တခြားလူမထားလိုက်ပါနဲ့
ဆရာဝန်ကမှာထားတာ ငါ့မှာအူတိုရောဂါရှိတယ်တဲ့။

မင်းရင်ထဲမှာ ငါရှိနေရက်နဲ့
အစဉ်အလာဟောင်းကြီးတွေ နားယောင်ပြီး
သုံးနှစ်သုံးမိုးတော့ မစောင့်ခိုင်းလိုက်ပါနဲ့
အူဝဲတောင်မှ သုံးမိနစ်ပဲစောင့် တဲ့ …

AddThis Social Bookmark Button


0 ရောင်းရင်းတို့အမြင်: to “ သူမနဲ့ အဟောင်းများ

Design by Amanda @ Blogger Buster