Dear Sweetheart,
I can't send my salary this month, so I am sending 100 kisses.
You are my sweetheart
Your husband
Allen
His wife replied back after some days to her husband:
Dearest sweetheart,
Thanks for your 100 kisses, I am sending the expenses details.
1. The Milk man agreed on 2 kisses for one month's milk.
2. The electricity man only agreed after 7 kisses.
3. Your house owner is coming every day and taking two or three kisses
instead of the rent.
4. Supermarket owner did not accept kisses only, so I have given him
some other items...........
5. Other expenses 40 kisses
Please don't worry for me, I have a remaining balance of 35 kisses and
I hope I can complete the month using this balance.
Shall I plan same way for next months, Please Advise !!!
Your Sweet Heart
Posted in
ရယ်ရွှင်ဖွယ်
by ဟင်္သာတသား တယောက်ပါ
|
ချစ်သူ !
ခေတ်ရေစီးအလိုက် ဖို့ရို့ဖားယားဝတ်တတ်တဲ့ငါ့ကို
မျက်လုံးအဟောင်းကြီးနဲ့ကြည့်ပြီး
လမ်းသရဲလို့ မတင်စားလိုက်ပါနဲ့
ရက်ပ်ပါတိုင်း ဒီလိုဝတ်တတ်ကြတယ်လေ။
လူတွေ့တိုင်းချစ်စကားအမြဲလိုက်ပြောတတ်တဲ့ငါ့ကို
နားအဟောင်းကြီးနဲ့ နားထောင်ပြီး
နှောင့်ယှက်တယ်လို့ မသတ်မှတ်လိုက်ပါနဲ့
မတွေ့ပဲပြောနိုင်မယ့် ဖုန်းနံပါတ်မှ မပေးပဲ။
အရင်က ရည်းစားများခဲ့ရတဲ့ ငါ့အချစ်ကို
အတွေးဟောင်းတွေနဲ့ တွေးပြီး
ပွေတယ်လို့ မစွပ်စွဲလိုက်ပါနဲ့
စမ်းသပ်မှုတွေပြီးမှ ကုန်ပစ္စည်းထွက်တာလေ။
ရည်းစားတစ်ထောင် လင်ကောင်တစ်ယောက်ဆိုတဲ့
ဆိုရိုးအဟောင်းကြီးကို လိုက်နာပြီး
ငါ့အပြင်တခြားလူမထားလိုက်ပါနဲ့
ဆရာဝန်ကမှာထားတာ ငါ့မှာအူတိုရောဂါရှိတယ်တဲ့။
မင်းရင်ထဲမှာ ငါရှိနေရက်နဲ့
အစဉ်အလာဟောင်းကြီးတွေ နားယောင်ပြီး
သုံးနှစ်သုံးမိုးတော့ မစောင့်ခိုင်းလိုက်ပါနဲ့
အူဝဲတောင်မှ သုံးမိနစ်ပဲစောင့် တဲ့ …
Posted in
ကဗျာ
by ဟင်္သာတသား တယောက်ပါ
|
ချစ်သူ့အိမ်မှာ ကျွန်တော်ရောက်နေ၏။ ကျွန်တော်တို့နှစ်ယောက် ဆိုဖာကြီးပေါ်မှာ အတူယှဉ်
ထိုင်ကြ၏။ ကျွန်တော်က ချစ်သူကို တင်းတင်းကျပ်ကျပ် ဖက်လိုက်၏။ ချစ်သူကလည်း ကျွန်တော်ကိုတင်းတင်းကျပ်ကျပ်ပင် ပြန်ဖက်၏။ သို့သော် သိပ်မကြာပါ။ ကျွန်တော့်ကို အသာတွန်းဖယ်ပြီး ရုတ်တ ရက်ထရပ်လိုက်၏။ ပြီးတော့ မီးခလုတ်ကို လှမ်းပိတ်၏။
ကျွန်တော် အရိပ်အခြည်ကို ကောင်းကောင်းနားလည်လိုက်ပါသည်။ အော်…..သူအိပ်ချင်ရှာ
ပြီကိုး။ ကျွန်တော် သနားစိတ်ဖြင့် ထပြန်ခဲ့ပါသည်။
Posted in
ရယ်ရွှင်ဖွယ်
by ဟင်္သာတသား တယောက်ပါ
|
ပန်းခြံတစ်ခု အတွင်းမှ ခုံတန်းတစ်ခုတွင် သမီးရည်းစား စုံတွဲတစ်တွဲ ထိုင်နေ၏…။ ခုံတန်း၏ တဖက်အစွန်းတွင်လည်း အဘိုးအိုတစ်ဦး စာအုပ်ဖတ်နေလေ၏…။ သမီးရည်းစား စုံတွဲ
တွတ်တီးတွတ်တာ ပြောသမျှကို အဘိုးကြီး အတိုင်းသားကြားနေရ၏။
“ မောင်..ခေါင်းနည်းနည်း မူးလာတယ်..”
ကောင်လေးက နဖူးလေးကို နမ်းလိုက်၏။ ထို့နောက်
“မူးသေးလားဟင်” …
“ဟင့်အင်း ပျောက်သွားပြီ”..
အတန်ကြာသောအခါ..မိန်းကလေးက
“မောင်..ဇက်ကြောတွေတက်လာသလိုပဲ”
ကောင်လေးက လည်တိုင်လေးကို ခပ်ဖွဖွလေး နမ်းလိုက်၏…။
“ဘယ်လိုနေသေးလဲ”
“အင်း..သက်သာသွားပြီ”
ခဏကြာသော်…………….
“မောင်…လက်တွေကလည်း ဘာဖြစ်လည်းမသိဘူး..တဆစ်ဆစ်နဲ့”
ကောင်လေးက ဘယ်ညာ လက်အစုံကို တယုတယနမ်းပေးလိုက်၏…။ တစ်ဖက်တွင် ထိုင်နေသော အဘိုးကြီး အတော်ကို နားကြားပြင်းကတ်လာ၏။ ထို့ကြောင့် လှမ်းပြောလာ၏။
“ဟေ့…ဒီမှာမောင်ရင်၊ ဖြစ်နိုင်ရင် ဦးကိုလည်း ကူညီစမ်းပါဦးကွ၊ ဦးမှာလည်းလိပ်ခေါင်း ဖြစ်နေလို့” တဲ့။
Posted in
ရယ်ရွှင်ဖွယ်
by ဟင်္သာတသား တယောက်ပါ
|
ဧဒင်ဥယျာဉ် တွင်ဖြစ်သည်….
အာဒမ်က ဘုရားသခင်ကို မေး၏…..
“ဘာကြောင့်များ ဧ၀ကို သိပ်လှအောင် ဖန်တီးခဲ့ရတာလည်း ဘုရား”
“မင်းအာရုံစိုက်မိအောင်လို့”
“ဘာကြောင့်များ ဧ၀ကို သိပ်ချိုသာအောင် ဖန်တီးခဲ့ရတာလည်း ဘုရား”
“ဒါမှမင်း သူ့ကိုချစ်မိမှာပေါ့”
ဤအချက်ကို အာဒမ်သည် ခေတ္တမျှစဉ်းစား၏…..
“ဒါဖြင့် ဘာကြောင့်များ ဧ၀ကို သိပ်တုံးသိပ်အအောင် ဖန်တီးခဲ့ရတာလဲ ဘုရား”
“ဒါမှပဲ မင်းကိုကြိုက်တော့ မှာပေါ့ကွာ” ဟူသတည်း….
Posted in
ရယ်ရွှင်ဖွယ်
by ဟင်္သာတသား တယောက်ပါ
|